ရည်ရွယ်ချက်

                                              အဂ္ဂါစာရ(မြင့်မြတ်သောကျင့်စဉ်)

               အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်း၏ရည်ရွယ်ချက်မှာ ဆရာလေးများနှင့်ကလေးငယ်များအား အခမဲ့ပညာရေးထောက်ပံ့ပေးရန်ဖြစ်သည်။ဤစင်တာမှနေ၍ပရဟိတလုပ်ငန်းများ၊ ဓမ္မဘာသာပြန် နှင့် ထုတ်ဝေခြင်းများလည်းပြုလုပ်ပြီး လိုအပ်နေသောနေရာများကို ဆောင်ရွက်ပေးရန်ရည်ရွယ်ပါသည်။



၁။အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်းသည် ဆရာလေးများနှင့် မိမိ  ပတ်ဝန်းကျင်ရှိ ဆင်းရဲနွမ်းပါးသော ကျောင်းသားလူငယ်များအား ကူညီရန်အတွက် ဓမ္မစာပေများ၊ အင်္ဂလိပ်စာ၊ တရုတ်စာ၊ ဂျပန်စာ၊ ကွန်ပျူတာ စသည့်ဘာသာရပ်များဖြင့် အခမဲ့ပညာရေးကိုသင်ကြားပေးမည်ဖြစ်ပြီး ပြည်တွင်း/ပြည်ပများမှ စေတနာ့ဝန်ထမ်းများကိုလည်းနွေးထွေးစွာကြိုဆိုပါသည်။
   

၂။မြန်မာနိုင်ငံရှိသဘာဝဘေးအန္တရာယ်ဆိုင်ရာလိုအပ်သည့်နေရာများ၊ဆင်းရဲနွမ်းပါးသူများအား ပြည်တွင်း/ပြည်ပအလှူရှင်များနှင့်ဆက်သွယ်၍လှူဒါန်းထောက်ပံ့နိုင်ရန်နှင့်ရန်ပုံငွေများကောက်ခံ၍နှစ်စဥ်မကြာခဏပရဟိတလုပ်ငန်းများလုပ်ဆောင်သွားမည်။

၃။သင့်လျော်ချိန်တွင် ဓမ္မစာအုပ်များနှင့် ဓမ္မတရားဟောကြားချက်များကို မြန်မာဘာသာမှ အင်္ဂလိပ်နှင့် တရုတ်ဘာသာသို့ ဘာသာပြန်ဆိုပါသည်။

၄။ဤဝက်ဆိုဒ်တွင်ဓမ္မနှင့်ပတ်သက်သောအယူအဆများလွတ်လပ်စွာမျှဝေရန်နှင့်အင်္ဂလိပ်စာတတ်မြောက်မှုအားနည်းခြင်းနှင့်ပတ်သက်ပြီးရှက်ရွံ့စိတ်မခံစားရပဲကျောင်းသားများအားလွတ်လပ်စွာမျှဝေရန်တိုက်တွန်းပါမည်။

၅။မလေးရှား၊မြန်မာနှင့်အခြားပြည်တွင်းပြည်ပနေရာဒေသများတွင်သာသနာတော်ပြန့်ပွားစေခြင်း။

၆။ဓမ္မနှင့်သက်ဆိုင်သောစာ‌‌ပေများကိုလျင်မြန်စွာနားလည်လွယ်သောနည်းလမ်းများဖြင့်သင်ကြားစေမည်။

                      အဂ္ဂါစာရအပြည်ပြည်ဆိုင်ရာသီလရှင်သာသနာပြုရိပ်သာကျောင်းသည် ‌‌လောကီစာ‌ပေကိုဘာသာ‌‌ရေး နှင့် တွဲယှက်သင်‌‌ ပေးပြီးဓမ္မစာ‌‌ပေကို အဓိကထားလမ်းညွှန်‌ပေးပါသည်။ဘာသာစကားသင်ကြား‌စေခြင်းသည်‌  လောကီလုပ်ငန်းများ၌ဆက်သွယ်အသုံးချရာဖြစ်‌‌ သော‌ကြောင့် သင်ကြားပေးခြင်းဖြစ်သည်။၎င်းဘာသာစကားဖြင့် ပြည်ပနိုင်ငံမှဘာသာရေးစိတ်ဝင်စားကြသောပုဂ္ဂိုလ်များ လွယ်ကူစွာ‌‌‌လေ့လာနိုင်ရန်အတွက်ဝိပဿနာ၊ အဘိဓမ္မာနှင့်သုတ္တန်စသည်တို့ကိုဘာသာပြန်ဆိုဖြန့်‌ဝေနိုင်ရန်‌ လေ့ကျင့်သင်ကြား‌ပေးခြင်းဖြစ်သည်။

မွန်မြတ်သော ရည်မှန်းချက်များ

                 *ဤဌာနတွင် ပရိယတ္တိနှင့်ပဋိပတ္တိ စသည်တို့ကို တစ်ပြိုင်နက်လေ့လာ‌ လေ့ကျင့်နိုင်ရန်

                 *သီလရှင်ဆရာလေးများ နှင့် ဆင်းရဲနွမ်းပါးသောကလေးငယ်များအား အခမဲ့ပညာသင်ပေးရန်။

                 *လူမှုရေးလုပ်ငန်းများ၊ ပရဟိတလုပ်ငန်းများဆောင်ရွက်သွားရန်။

                                                          လှုပ်ရှားမှုများ


                     *ဓမ္မဘာသာပြန်များ၊ ဓမ္မစာကြည့်တိုက်များ၊ ဓမ္မစာအုပ်များနှင့်စီဒီများထုတ်ဝေခြင်း။

                     *သီလရှင်ဆရာ‌လေးများသာသနာပြုနည်းလမ်းများလ့ကျင့်‌ေပးခြင်း။

                     *ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်း၊တနင်္ဂနွေအင်္ဂလိပ်စာသင်တန်း၊လူငယ်များစိတ်ဓာတ်မြှင့်တင်ရေးလုပ်ရှားမှုများ။

                     *ကျောင်းသားလူငယ်များအားဓမ္မစာ‌ပေ၊အင်္ဂလိပ်၊တရုတ်၊ဂျပန်ဘာသာစကားနှင့်ကွန်ပျူတာသင်ကြားပေးခြင်း။

                     *ဓမ္မစာပေများကိုလဲလူငယ်များစိတ်ပါဝင်စား‌စေ၍လွယ်ကူသောနည်းဖြင့်ပျော်ရွှင်စွာလေ့ကျင့်သင်ကြားပေးခြင်း။

                     *ဗုဒ္ဓဝင်များ၊ဇာတဂဝတ္ထုများ၊ဗုဒ္ဓဘာသာယဉ်ကျေးမှုစာ‌ပေများကိုသင်ကြားပေးခြင်း။

                     *လူငယ်ဓမ္မသင်တန်း - သုတ္တန်နှင့်အဘိဓမ္မာသင်တန်း၊လက်တွေ့ရှုမှတ်ပွားများမှုများဖြင့်သင်ကြားခြင်း။

                    *ဘာသာစကားသင်တန်းများ - ပါဠိ၊အင်္ဂလိပ်၊တရုတ်၊ဂျပန်။

                    *ကွန်ပျူတာသင်တန်း

                    *ပရဟိတလုပ်ငန်းများအတွက်ရန်ပုံငွေရှာဖွေခြင်း။










Comments

Popular Posts